Saturday, April 1, 2023

မူပိုင်ခွင့်ဆိုင်ရာမူဝါဒ

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ပေါ်ပေါက်လာစေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သက်ဆိုင်ရာတာဝန်ရှိ အစိုးရအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပြီး မူကြမ်းပြုစု ရေးဆွဲခဲ့ပါသည်။

မူပိုင်ခွင့်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်နိုင်ရေးအတွက် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် (၂) ဦးနှင့် မူပိုင်ခွင့်ဌာနမှ ဌာနမှူးတို့ ပါဝင်သော လုပ်ငန်းစီမံချက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုပညာရှင်အဖွဲသည် လက်ရှိ မြန်မာနိုင်ငံ၏မူပိုင်ခွင့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် လေ့လာဆန်းစစ်သုံးသပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိ အစိုးရအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေနွေး၍ လိုအပ်ချက်များကို ရေးသားထားသည့် တင်ပြချက် (မူကြမ်း) တစ်စောင်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ပြုစုနိုင်ခဲ့ပါသည်။ အဆိုပါ တင်ပြချက် (မူကြမ်း) အပေါ် အခြေခံ၍ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင်  ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် နေပြည်တော်၌ လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာမူဝါဒ (မူကြမ်း) အစီရင်ခံစာတစ်စောင်ကို ပြုစုဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများကို အကောင်အထည်ဖော်မည့် အချိန်ကာလများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများအရပြင်ဆင်မွမ်းမံရန်နှင့် အတည်ပြုရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။
(Source > IPD)

ကုမ္ပဏီများသို့ အသိပေးကြေညာချက်